Happy life













တွေးမိတိုင်း ပျော်တယ်( ၁)
********************
၁။ကိုယ့်ဘဝမှာ ကိုယ်အဓိကလိုချင်တာ
ဘာလဲဆိုတာကို တိတိကျကျသိရင် ဘာလုပ်ရမယ်
ဘယ်လိုနေရမယ်ဆိုတာလည်းသိတယ်။

၂။ဦးတည်ချက် ရည်မှန်းချက်မရှိတဲ့သူဟာ
ဘာကိုမှ ကျေကျေနပ်နပ်ခံစားနိုင်မှာမဟုတ်ဘူး။
ရည်မှန်းချက်ရှိသူအတွက် ပျော်စရာအကောင်းဆုံးက
သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်နေရတာပဲ။
ဦးတည်ချက်ရှိမှ ရွေးစရာဆိုတာဖြစ်လာတယ်။
ရွေးစရာရှိမှ လွတ်လပ်မှုလည်းရှိတယ်။
ဒါကြောင့်ဦးတည်ချက်မရှိတဲ့သူမှာ
လွတ်လပ်မှုမရှိဘူး။

၃။ပစ္စည်းဥစ္စာတွေ၊ ရာထူးအမြင့်ကြီးတွေ
ရှိပေမယ့်စိတ်အေးချမ်းမှုမရှိရင်မအောင်မြင်တဲ့သူပဲ။
လောကကြီးကိုတန်ဖိုးထားဖို့ဆိုတာ ကိုယ့်စိတ်မှာ
အေးချမ်းမှုရှိရမယ်။
အေးချမ်းမှုရှိမှ နူးညံသိမ်မွေ့မုှ့
ှုဖြစ်လာတယ်။နက်နဲမှုရှိလာတယ်။
အေးချမ်းမှု့မရှိရင် နူးညံသိမ်မွေ့မှု နက်နဲမှုဆိုတာ
မဖြစ်တော့ဘူး။

၄။လူတွေဘာဖြစ်လို့မငြိမ်းချမ်းတာလဲလို့မေးရင်
အရိုးရှင်းဆုံးအဖြေကမငြိမ်းချမ်းတာတွေကို
တွေးနေလို့ မငြိမ်းချမ်းတာပါ။
ငါးမိနစ်လောက် မငြိမ်းချမ်းတာတွေကို
မတွေးဘဲနဲ့နေကြည့်စမ်းပါ။
သူ့အလိုလိုငြိမ်းချမ်းသွားမှာပဲ။

၅။အမြဲတမ်းအပြစ်တင်နေတတ်တဲ့သူရဲ့အနားမှာ
ဘယ်သူမှမနေချင်ဘူး။
အမြဲတမ်းမကျေမနပ်ဖြစ်နေရင်
ကိုယ့်မှာပူလောင်တဲ့စိတ်ဖြစ်ရသလို
ပတ်ဝန်းကျင်ကလူတွေကိုလည်း
ပူလောင်မှုတွေ ကူးစက်ပါတယ်။

Post a Comment

0 Comments