ဘဝ ကို တိုးတက် ဖို့ ပုံစံအမျိုးမျိုး နည်းလမ်း အမျိုးမျိုးနဲ့ လုပ်ကိုင်ကြတယ်. ကျွန်တော် လည်း ထိုနည်း အတူပဲ ကြိုးစားနေတယ် . အခွင့်ရေး ရသမျှကိုယူတယ် . ဘာလို့လဲ ဆိုတော့ အဲ့ ဒီအခွင့်အရေးမှာ နောက်ဆုံး ဘာမှ မရလည်း အတွေ့အကြုံ နဲ့ ပညာတော့ နည်းနည်းတော့ရမှာပဲ လေ. တစ်ခုတော့ ရှိတယ် ဘယ်အရာမဆို ကိုယ်ထင်သလို ဘယ်တော့မှ ဖြစ်မလာဘူး ဆိုတာပဲ . ကိုက မျှော်မှန်းသလောက်မဖြစ်လာတဲ့ အခါ စိတ်ဓာတ်ကျတတ် တယ် . စိတ်ဓာတ်မကျပါနဲ့ . ဒါဟာ သဘာ ဝပါပဲ . လောကရဲ့ ဒဏ်ကို ခံနိုင်အောင်ကြိုးစားပါ . ကျွန်တော် လည်း ကြိုးစားနေဆဲ ပါပဲ .. တစ်ခု တော့ ရှိတယ် အလုပ်လုပ်တဲ့ အခါ ငါလုပ်နိုင်တယ် . ဖြစ်ကို ဖြစ်ရမယ် . ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတဲ့ စိတ်ကို သာထားပါ . ဘယ်အရာမဆို ဒုက္ခပြီး ရင် တော့ ကောင်းရာတော့ လာမှာပဲ လေ .
0 Comments