WHAT IS ALGORITHM



Algorithm ဆိုသည်မှာ
မူရင်းရေးသားသူ * Htet Wai Yan Soe
အယ်ဂိုရစ်သမ် ( Algorithm ) ဆိုတာ Programmer စကားနဲ့ ပြောရရင် Set of Instruction ပဲဗျ။
လွယ်လွယ်ပြောရင် ပြဿနာတစ်ခုအတွက် ဘာလုပ်ရမယ် ဘာလုပ်ရမယ် ဆိုတာ Plan ကြိုချရေးထားတာ။ ပြဿနာဖြေရှင်းနည်း ဆိုပါတော့ဗျာ။
ဥပမာ ခင်ဗျားက လက်ဖက်ရည်ဆိုင် သွားထိုင်ချင်တယ်၊ အဲ့ဒီ လက်ဖက်ရည်ဆိုင်သွားချင်တယ်ဆိုတာ ပြဿနာဘဲ။
ဒီပြဿနာအတွက် ဖြေရှင်းလို့ရမဲ့ Algorithm လေးတစ်ခုရေးထားလို့ရတယ်ဗျ..
လက်ဖက်ရည်ဆိုင်သွားမည့် Algorithm
၁. အရင်ဆုံးလုပ်ရမှာ လက်ဖက်ရည်သောက်ဖို့ ပိုက်ဆံရှာရမယ်..
၂. အဝတ်အစားလဲရမယ်..
၃. အိမ်ကိုပြောခဲ့ရမယ်..
၄. ပြီးရင် အိမ်ကနေ ထွက်ရမယ်..
၅. လက်ဖက်ရည်ဆိုင်ရောက်ရင် စားပွဲထိုးကို ကိုယ်သောက်ချင်တာ မှာရမယ်..
၆. မှာတာ ရောက်တော့မှ သောက်ရမယ်..
၇. ပိုက်ဆံရှင်း..
၈. အိမ်ပြန်
ဒီလို မဟုတ်ပါလား။
ဒါလဲ အယ်ဂိုရစ်သမ်ဘဲဗျ။ ဘာလုပ်ရမယ် ဘာလုပ်ရမယ် ကြိုရေးထားတဲ့ Instruction တွေကိုး။
အဲ့တော့ တဆင့်လောက် ဖယ်ကြည့်ရအောင်
နံပတ် ၁ အဆင့် ပိုက်ဆံရှာတဲ့အဆင့်လေး ဖယ်ရအောင်။
ဒါဆို ကွိုင်ပြီ။
အဆင့် ၂ ၃ ၄ ၅ ၆ အထိတော့ အိုကေတယ်။ အဆင့် ရ ရောက်တဲ့ အချိန် ပိုက်ဆံရှင်းရပြီဆို ခွေးဖြစ်ပြီ။ ပိုက်ဆံ ပါမလာဘူး။ ရှင်းစရာ ပိုက်ဆံမရှိဘူး။ ကိုယ့် Algorithm ကြီး အောက်သွားပြီ :-P
ဒီအဆင့်ကို Software Industry မှာ Critical Bug / Critical Error လို့ခေါ်ပါတယ်.. :D ကိုယ့် Algorithm ကြီး ဆက်အလုပ်မလုပ်နိုင်တော့ဘူး။
ဟုတ်ပြီ။
အဆင့် ၂ အဝတ်အစားလဲတဲ့ အဆင့်ကို ဖယ်ကြည့်ရအောင်။
ဒါပေမဲ့ ကျနော်တို့ Algorithm က ဘာမှ မဖြစ်ဘူး။ ၁ ကနေ ၈ ထိ ပုံမှန်အတိုင်း ဆက်အလုပ်လုပ် သွားမယ်။ အိမ်နေရင်း အဝတ်အစားနဲ့ ထွက်သွားလဲ ဘာမှဖြစ်တာမှ မဟုတ်တာပဲနော့.. ရှော်တီလေးတွေတော့ ကိုယ့်ကို မကြည့်တော့ဘူးပေါ့။ :P ဒါကိုတော့ Minor Bug လို့ ခေါ်ပါတယ်။
ဟုတ်ပြီ.. အဆင့်တွေကို အထက်အောက် နေရာပြောင်းကြည့်ရအောင်။
အဆင့် ၅ လက်ဖက်ရည်မှာတဲ့အဆင့်နဲ့ အဆင့် ၂ အဝတ်အစားလဲတဲ့ အဆင့် ပြောင်းကြည့်ရင် ကိုယ့်အိမ်ထဲမှာ စားပွဲထိုးခေါ် လက်ဖက်ရည်အော်မှာပြီး လက်ဖက်ရည်ဆိုင်ရောက်မှ အကျီလဲတဲ့အခါ အရူးလို့ ပြောကြပါလိမ့်မယ်။ :P
နည်းနည်းဆက်ပြောရရင် အဆင့် ၁ ပိုက်ဆံရှာတဲ့အချိန်မှာ ပိုက်ဆံမရှိဘူးဆို ဘာဖြစ်မလဲ။ ပိုက်ဆံမရှိရင် လက်ဖက်ရည်ဆိုင် သွားမရတော့ဘူးပေါ့။
if ( ပိုက်ဆံမရှိ ) {
အိမ်မှာ အိပ်နေ
}
ဒါကို Programming Language မှာတော့ Conditional Statements တွေလို့ ခေါ်တယ်။
ဒီ Algorithm ကို စာရွက်တရွက်ပေါ်မှာ ချရေးထားမယ်။
"လက်ဖက်ရည်ဆိုင်ထိုင်ခြင်း" ဆိုပြီး စာရွက်ကို မှတ်ထားလိုက်မယ်။
ကိုယ် လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ထုတ်ကြည့်ပြီး ဒီစာရွက်ကိုဖတ်ပြီး Instruction set ကို ထုတ်သုံးမယ်။ အမြဲတမ်းသုံးလို့ရမယ်။ ဒါကို Function လို့ ခေါ်ပါတယ်..
အိုကေ
ကျနော် နားလည်သလောက် Algorithm အကျဉ်းလေးပါပဲ
Credit : Htet Wai Yan Soe
•••

Post a Comment

0 Comments