How to become a Web Developer (First Step)



How to become a Web Developer (First Step)
=========================================
Web developer တစ်ယောက်ဖြစ်လာဖို့ ပထမဆုံး သင့်အနေနဲ့ web development ဆိုတာ ဘာလဲ အရင် သိထားသင့်ပါတယ်။ ဒီအသုံအနှုန်းဟာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါပီ၊ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ် ဖွင့်ကြပုံချင်းလည်း ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။ ယေဘုယျသဘော ပြောရမယ်ဆိုရင် web development ဆိုတာ website တစ်ခုရဲ့  နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒါကိုပြောမယ်ဆိုရင် web designer ဆိုတာလဲ ချန်ထားခဲ့လို့ မရပါဘူး။ Web designer ဆိုတာဟာလဲ website ရဲ့ မျက်မြင်နဲ့ဆိုင်တဲ့ ပုံပန်းသဏ္ဍန်တွေ အပြင်အဆင် အခင်းအကျင်းတွေကို ကြီးကြပ်ပေးရတဲ့ လူ ဖြစ်ပါတယ်၊ Web Developer ကျတော့ ဒီ website ရဲ့ Visual design နဲ့ layout တွေကို လှုပ်ရှား အသက်ဝင်လာအောင် တကမ္ဘာလုံးကနေ ဖွင့်ကြည့်နိုင်တဲ့ တကယ့်ကို အလုပ်လုပ်တဲ့ website တစ်ခုဖြစ်လာအောင် ဆောင်ရွက်တာဖြစ်ပါတယ်။
မိမိကိုယ်တိုင် ဆွဲထားတဲ့ website design နဲ့ မိမိတို့ကိုယ်တိုင် website ကို ပြန်ပီး တည်ဆောက်ကြရတဲ့ အခါမျိုးမှာတော့ web designer တွေဟာလဲ web developer ဖြစ်တက်ကြပါတယ်။ Web designer နဲ့ web developer ဆိုတာကို တခါတလေမှာလည်း ရောထွေးပြီး သုံးစွဲနေကြပါတယ်။ သို့ပေမဲ့ မတူညီတဲ့ ဝေါဟာရ (၂)ခုဖြစ်ပါတယ်။
တချို့ web developer တွေခံယူထားကြတာကျတော့ သင်ဟာ programming language နဲ့ပတ်သက်ပြီး (သို့) သက်ဆိုင်ရာ နည်းပညာတွေနဲ့ ပတ်သက်ပြီး ဆရာမကျသေးဘူးဆိုရင် တကယ့် web developer တစ်ယောက် မဟုတ်သေးဘူးလို့ ယုံကြည်နေကြတာပဲ၊ သို့ပေမဲ့ ဒီလို အဆင့်အတန်းခွဲခြားမှုဟာ သူတို့ရဲ့ အထင်အမြင်ပဲဖြစ်ပါတယ် လက်တွေ့မှာကျ အထောက်အကူ မဖြစ်ပါဘူး။ တကယ်လို့သာ သင့်ဟာ ကိုယ်နားလည်တက်မြောက်ထားပြီး ဖြစ်တဲ့ အရာ ကိုလည်း ပိုပြီးတော့ ကျွမ်းကျင်အောင် ပြီးပြည့်စုံအောင် ကြိုးစားနေတယ်၊ တဖက်ကလည်း new coding skill တွေကို လေ့လာသင်ယူနေတယ်ဆိုရင် သင်ဟာ တကယ့် web developer  တစ်ယောက်ပဲလို့ ယုံကြည်ထားလိုက်ပါ။
လက်တွေ့အားဖြင့်တော့ Website တစ်ခုဖြစ်မြောက်သွားအောင် အလုပ်လုပ်နိုင်အောင် စွမ်းဆောင်ပေးတဲ့ မိမိတို့ရဲ့ ဘယ်လုပ်ဆောင်ချက်ကိုမဆို web development လို့ ထင်မြင်ယူဆ နိုင်ပါတယ်။ ဥပမာ- ရိုးရိုးရှင်းရှင်း page တစ်ခုအတွက် content တွေ ထည့်သွင်းခြင်းကစလို့ Themes တွေဖန်တီးတဲ့ ရှုပ်ထွေးတဲ့ project တွေလုပ်တာလိုမျိုးထိပေါ့။
Coding Knowledge
HTML နဲ့ CSS ဟာဆိုရင် Web development ရဲ့ အခြေခံတွေပဲဖြစ်ပါတယ်။ All websites use HTML and CSS. ဒါကြောင့်မို့ ဒီနည်းပညာ (၂)ခုကို ကောင်းကောင်းသိနေဖို့ လိုပါတယ်။ အောင်မြင်တဲ့ web developer တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ဒီထက်ပိုပြီး သိဖို့ လိုကောင်းလိုပါလိမ့်မယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ဒီကောင်(၂)ခုကျွမ်းကျင်ဖို့ လိုပါတယ်။ ကျန်တာတွေထက် သူတို့ (၂)ခု ဘယ်လို ပူတွဲအလုပ်လုပ် သလဲဆိုတာ နားလည်ဖို့အရေးကြီးတယ်။ ပြောရမယ်ဆိုရင် HTML ဟာ page တစ်ခု ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ structure ကို ချမှတ်တာဖြစ်ပြီး CSS ကတော့ သူ့ရဲ့ပုံပန်းသဏ္ဍန်နဲ့ပတ်သက်ပြီး ဘယ်လိုအလှဆင်မလဲဆိုတဲ့ style ကို သတ်မှတ်ပေးတာဖြစ်ပါတယ်။ HTML is used to give websites structure with text, links, images, and other fundamental elements. CSS is used to change the appearance of HTML elements.
HTML နဲ့ CSS ဟာ Web development ရဲ့ ကုန်ကြမ်းတွေလို့တောင် သတ်မှတ်နိုင်ပါတယ်။ Developer တိုင်းဟာ သူတို့နဲ့ စရပါတယ်၊ သူတို့ကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ ကိုင်တွယ် အသုံးချပြီး website အမျိုးမျိုးကို ဖန်တီးနေကြတာဖြစ်ပါတယ်။ ဒါကဘာနဲ့တူလဲဆိုတော့ ပန်းပုဆရာနဲ့ သစ်သားတုံးလိုပါပဲ၊ သစ်သားတုံးဟာ ကုန်ကြမ်းပဲ သူ့ကို နည်းလမ်းမျိုးစုံ ကိရိယာမျိုးစုံနဲ့ ထွင်းထုပြီး ပန်းပုရုပ်အမျိုးမျိုးကို ဖန်းတီးတာဖြစ်ပါတယ်။
အဓိက ကတော့ ကိုယ့်ကို အလုပ်အပ်တဲ့သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ကျွမ်းကျင်မှုမျိုးရှိရမှာပေါ့။ ဒီထဲမှာ HTML နဲ့ CSS ဟာ အမြဲပါဝင်ပါတယ် သို့ပေမဲ့ နောက်ပိုင်းမှာတော့ သင့်အနေနဲ့ ကိုယ်က ဘယ်လိုမျိုး clients တွေနဲ့ အလုပ်လုပ်ချင်တာလဲ၊ ဘာ websites တွေ applications တွေကို ရေးသားချင်တာလဲ ဆိုတာ ဆင်ခြင်သုံးသပ်ဖို့လိုလာပါပြီ။ ဒီအပေါ်မှာ မူတည်ပြီး သင့်အနေနဲ့ ကျွမ်းကျင်ဖို့လိုအပ်တာတွေကို စတင်ဖြည့်ဆည်းရမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် -
• တကယ်လို့ သင်ဟာ လက်ဝတ်ရတနာ ဒီဇိုင်နာ တစ်ယောက်အတွက် online store တစ်ခု တည်ဆောက်မယ်ဆိုရင် သင့်အနေနဲ့ e-commerce platform တချို့နဲ့ပတ်သက်ပြီး သိဖို့လိုပါတယ်၊
• တကယ်လို့သာ ကိုယ့်ရဲ့ clients တွေဟာ အရွယ်အစားအမျိုးမျိုး Device အမျိုးမျိုးနဲ့ လိုက်လျောညီထွေစွာ အလုပ်လုပ်နိုင်မယ့် responsive websites တွေကို အလိုရှိကြတယ်ဆိုရင် သင်ဟာ media queries တွေအကြောင်းလဲ လေ့လာသင်ယူဖို့ လိုပါဦးမယ်၊
• တကယ်လို့ သင်ဟာ WordPress sitesတွေနဲ့ အမြဲထာဝရ အလုပ်လုပ်သွားမယ် ဆုံးဖြတ်ထားရင် သင့်အနေနဲ့ လေ့လာရမှာက WordPress Themes တွေကို ဘယ်လို ရေးသားရသလဲ ဆိုတာကိုပါပဲ။ ဒီတော့ PHP နဲ့ပတ်သက်ပြီး knowledge ရှိဖို့ လိုလာပါပြီ၊ PHP ဟာ WordPress development အတွက်ပဲဖြစ်စေ Dynamic Websites တွေ ရေးသားဖို့ပဲဖြစ်ဖြစ် သိထားသင့်တဲ့ language တစ်ခုပါပဲ။
နောက်ထပ် ဘာတွေလေ့လာဖို့လိုသလဲဆိုတာ စဉ်းစားဆုံးဖြတ်တိုင်းမှာ သင့်အနေနဲ့ စဉ်းစားရမှာက ကိုယ်က ဘယ်လို sites မျိုးတွေကို လုပ်ချင်တာလဲ (သို့) ကိုယ့် clients တွေလိုအပ်မယ့် sites မျိုး ရေးသားတဲ့အခါမှာ အထောက်အကူဖြစ်တဲ့ language၊  ဒါနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုမျိုး စသည်တို့ကို ဦးစားပေးရွေးချယ် လေ့ကျင့်သင့်ပါတယ်။
ကိုယ်လိုတဲ့ အချက်အလက်ကို ရှာဖွေစူးစမ်းနိုင်စွမ်းဟာလဲ Developers တွေ အတွက် မရှိမဖြစ် ရှိသင့်တဲ့ skill တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ ကိုယ်ရေးနေတဲ့ language နဲ့ပတ်သက်ပြီး အားလုံးအကုန်အစင် မှတ်မိနေဖို့ အလွတ်ရနေဖို့ မလိုပါဘူး ဒါပေမဲ့ ကိုယ့်လက်က ရေးလို့ မထွက်တော့ဘူး အမှတ်မရဘူးဆိုတဲ့ အခါမျိုးမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်မှာ ရှာကြည့်လို့ရမလဲ သိနိုင်မလဲ ဒါကို သိနေရပါမယ်။ 
အဲဒီလိုပဲ ကိုယ်လုပ်နေတဲ့ language အသီးသီးနဲ့ သက်ဆိုင်တဲ့ သူတို့ရဲ့ manuals တွေ၊ resourses တွေကိုလည်း ဘယ်မှာရှာလို့ရနိုင်မလဲ သိထားသင့်တယ်၊ ဒါမှသာ သက်သောင့်သက်သာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေမယ်။ ဥပမာ အနေနဲ့ လမ်းညွှန်ရမယ်ဆိုရင် HTML, CSS or JavaScript ပြဿနာတွေကို Mozilla Developer Network မှာ သွားဖတ်လို့ရတယ် မေးမြန်းလို့ရပါတယ်။ PHP နဲ့အလုပ်လုပ်နေလို့ သူနဲ့ပတ်သက်တဲ့ Manual တွေဖတ်ချင်တယ် ဆိုရင်တော့ php.netမှာဝင်ဖတ်ပါ။
တခါတလေကျတော့လည်း Google search လုပ်တာဟာ manual တွေလိုက်ကြည့်ဟဲပြုဟဲနဲ့ ရှာတာထက် စာရင်မြန်မြန်ဆန်ဆန်နဲ့ လိုချင်တဲ့အဖြေတန်းရတာမျိုးလဲ ရှိတက်ပါတယ်။ ဥပမာ - PHP script ထဲမှာ mail function အသုံးပြုဖို့ လိုနေတဲ့အခါ PHP နဲ့ mailing လုပ်လို့ရတယ်ဆို သိတော့သိတယ် ဒါပေမဲ့ ဘယ်လိုစရေးလို့ ရေးရမှန်းမသိဘူး ဖြစ်နေတယ်၊ အဲလိုအချိန် Google မှာ ‘php mail function’ လို့ ရိုက်ရှာလိုက်ရင် w3schools.com မှာ ရှင်းပြထားတာတွေ တန်းပြီးတွေ့ရပါမယ်။ syntax နဲ့ အသုံးပြုပုံတွေ၊ definition and usage တွေ နောက်တခါ ဥပမာနဲ့လည်း ရှင်းပြပေးထားပါတယ်။ အဲတော့ အချိန်မကုန်ဘဲ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကွက်တိဖြစ်တာကို တန်းပြီးတော့ ရသွားတယ်။ ဒါနဲ့ တဆက်တည်းပြောလိုတာက ကိုယ်သိချင်တာကို ရှာတဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ကွက်တိရအောင် queries နည်းတွေလဲ သိထားသင့်ပါတယ်။ 
Going Directly to the First Result - ကိုယ်မေးထားတဲ့ မေးခွန်းနဲ့ အများဆုံးဆက်စပ်တဲ့ ပထမ result တစ်ခုကို တန်းရဖို့ Google ရဲ့ I’m Feeling Lucky ဆိုတဲ့ option ကို အသုံးပြုပါ။ ဒါဟာ page တွေအများကြီးကို တန်းစီပြီး ပြမနေတော့ဘဲ ကိုယ့်လိုချင်တဲ့ အဖြေနဲ့ အနီးစပ်ဆုံးဖြစ်မယ့် resultကို တန်းပြီးတော့ ရှာပေးပါတယ်။ နောက်တစ်ခုက ရှာချင်တဲ့ အကြောင်းအရာထဲကနေ စကားလုံးရွေးချယ်တက်ဖို့ မိမိသိလိုတာကို sentence ပုံစံ မေးခွန်းပုံစံ ရှည်ရှည်ဝေးဝေးတွေ ရိုက်တာကိုရှောင်ပါ။ အဓိကကျတဲ့ key word လောက်ကို ထုတ်ပြီးရိုက်ပါ။ ဥပမာ - အပေါ်မှာ ပြောခဲ့သလို mail function အသုံးပြုပုံနဲ့ ပတ်သက်ပြီးသိချင်တဲ့ အခါ How to use mail function in PHP? ဒီလိုမျိုး မရေးပါဘူး PHP mail function လို့ရိုက်လိုက်တာပါပဲ။ နောက်တမျိုးက တိတိကျကျ စကားလုံးအစဉ်အတိုင်း၊ စကားစုလေးတစ်ခု၊ အမည် တစ်ခု၊ စာစု တစ်ခု ဒါမျိုးကို ရှာချင်ရင် double quotes ကို သုံးပါ။ ဥပမာ - နာမည်အတိအကျကို ရှာမယ်ဆို “Julia Robinson” , “Rio de Janeiro” အတွဲလိုက်ဟာမျိုးဆို “top ten songs 2016” “favorite Hollywood movies” ဒီလိုပေါ့ နောက်တစ်ခါ Star Wars episode one အကြောင်းသိချင်တဲ့အခါ Star Wars I လို့ မရေးရပါဘူး I ဟာ stop word ဖြစ်တယ်၊ ဆိုလိုတာက သူကို ရှာရမယ့်ထဲမှာ ထည့်တွက်မှာ မဟုတ်ပါဘူး။ သူ့ကိုမှ အတိအကျရှာချင်တဲ့အခါ Star Wars “I” ဒီလိုမျိုး double quotes အတွင်း ထည့်ရေးပေးရပါတယ်။ ဒီလောက်ပါပဲ query နဲ့ပတ်သက်ပြီး ထပ်သိချင်သေးရင် query input google guide လို့ရိုက်ရှာပြီး ဖတ်နိုင်ပါတယ်။
ဒါပါပဲ သင့်အနေနဲ့ web developer ဖြစ်ချင်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေဟာလဲ သင့်လက်ချောင်းလေးတွေပါပဲ၊ ရိုက်ပြီး ရှာတက်ဖို့ပဲ လိုပါတယ်။ သိပြီးရင်တော့ ကြိုးစားရမယ့်အပိုင်းပဲ ကျန်တော့တာပေါ့။ အင်္ဂလိပ်စာ အသင့်အတင့် ဖတ်နိုင်ဖို့လဲ လိုပါတယ်။ နည်းပညာနဲ့ ပတ်သက်တာတွေဟာ မြန်မာပြည်လို စထွက်တာမရှိပါဘူး။
အချုပ်အားဖြင့်တော့ - 
• Web developer တိုင်းဟာ HTML, CSS က စတင်ရပါတယ်။
• အဲကနေမှတဆင့် အနာဂတ်မှာ မိမိလုပ်မယ့် projects အမျိုးအစားတွေနဲ့ ကိုက်ညီမယ့် languages များကို ဖော်ထုတ် ရွေးချယ်ရပါတယ်။
• အားလုံးကို သိနေရမယ်လို့တော့ မဟုတ်ပါဘူး၊ သိချင်တာကို ရှာနိုင်ရပါမယ်။
We don’t have to know all the answers, we have Google.

ဆက်ရန်=========================

Post a Comment

0 Comments