How to become a Web Developer (Step 2)



How to become a Web Developer (Step 2)
Web developer တစ်ယောက်ရဲ့ အဓိကအလုပ်ဟာ code ရေးတာပါပဲ သို့သော် website တစ်ခု လွှတ်တင်ဖို့ရာ ကျွန်တော်တို့မှာ code editor အပြင် တခြားအသုံးပြုရတဲ့ technologies နဲ့ programs တွေရှိပါသေးတယ်။ ဒါတွေထဲက တချို့ကို ဒီမှာ တင်ပြပေးသွားပါမယ်။
Adobe Photoshop
Website တစ်ခုလုံးရဲ့ visual design ဆွဲဖို့ရာ Photoshop ကဲ့သို့ programs တချို့ကို သုံးတက်ဖို့ လိုပါတယ်။ Photoshop ကို အသုံးပြုပြီး မိမိ website ရဲ့ graphic elements အပိုင်းကို design ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ website layout ဆွဲတဲ့အခါ company logo လုပ်တာတို့ graphic banner တို့ နောက်တစ်ခါ site တစ်ခုရဲ့ အရေးကြီးတဲ့ graphical ပိုင်းဖြစ်တဲ့ Header graphic လုပ်တဲ့အခါတို့မှာ Photoshop ကို နားလည်ထားမှ အဆင်ပြေပါမယ်။ ဒီနေ့ အချိန်မှာ designing အတွက် Photoshop ကို မသုံးလဲ ရနိုင်ပေမဲ့ Web developer တစ်ယောက် အနေနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ clients တွေဆီက Photoshop files တွေ လက်ခံရရှိတဲ့ အခါမျိုးမှာ ယုံကြည်မှုရှိရှိနဲ့ ဒါတွေကို ကိုင်တွယ်အသုံးချနိုင်ဖို့ သင့်အနေနဲ့ Photoshop နဲ့ပတ်သက်ပြီး နားလည်ထားသင့်ပါတယ်။ လေ့လာချင်တယ်ဆိုရင် https://helpx.adobe.com/photoshop.html ဒီ website မှာလေ့လာလို့ရပါတယ်။
Domains and Hosting
Domain name ဆိုတာ IP addresses တွေအစား ၎င်းတို့ကို ဖော်ပြတဲ့နေရာမှာ အလွယ်တကူ မှတ်မိနိုင်ဖို့ အသုံးပြုတဲ့ names တွေပဲ ဖြစ်ပါတယ်။ ဥပမာ microsoft.com ဆိုတဲ့ domain name ဟာ IP address တဒါဇင်လောက်ကို ကိုယ်စားပြုထားပါတယ်။ web pages တွေကို ဖွင့်ချင်တဲ့အခါ URLs ထဲမှာ domain name ကိုထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ ဥပမာ - http://www.pcwebopedia.com/index.html ဒီ URL မှာဆိုရင် domain name ဟာ pcwebopedia.com ဖြစ်ပါတယ်။ hosting service ဆိုတာကတော့ server space လေး တစ်ခု ရောင်းတာ ဖြစ်ပါတယ်။ ဒီ server မှာ မိမိတို့ website ရဲ့  data တွေကို ထည့်ထားနိုင်မယ် ပြီးရင် customer ကို web service ပေးနိုင်တယ် file maintenance လည်းလုပ်နိုင်တယ်။ ကိုယ်ပိုင် server မရှိဘူးဆိုရင် ဝယ်ယူရမှာ ဖြစ်ပါတယ်။ အဲတော့ Domain name နဲ့ hosting package တွေဝယ်ဖို့က clients ရဲ့ တာဝန်ဖြစ်ပါတယ်။ သို့သော်လည်း ဒီနည်းပညာတွေနဲ့ စိမ်းနေတဲ့ clients တွေအတွက်က ဘယ်ကဘယ်လို စလုပ်ရမှန်း သေချာ မသိကြပါဘူး။ ဒီလိုမျိုး အချိန်မှာ သင့်အနေနဲ့ ဘယ်လိုဝယ်ယူရမယ် ဘယ်လိုပိုက်ဆံချေရမယ် ဘယ်ကုမ္ဗဏီကတော့ ကောင်းတယ် စသည်ဖြင့် အကြံဉာဏ်ပေးနိုင်မယ်၊ ဝန်ဆောင်မှု ပေးနိုင်မယ်ဆိုရင် အလုပ်အတွက် များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ best customer service ကို ပေးရာလည်းရောက်မှာ ဖြစ်ပါတယ်။
cPanel
cPanel ဆိုတာ မိမိတို့ host လုပ်ထားတဲ့ website ကို စီမံခန့်ခွဲနိုင်ဖို့ hosting companies တွေက support ပေးထားတဲ့ software တစ်မျိုးဖြစ်ပါတယ်။ cPanel ကိုသုံးပြီး website နဲ့ပတ်သက်တဲ့ အောက်ပါတို့ကို သင့်အနေနဲ့ ဆောင်ရွက် နိုင်ပါတယ်။
• Subdomains များ ထည့်ခြင်း
• WordPress install လုပ်ခြင်း
• Email accounts များ set up လုပ်ခြင်း
• Database ကို စီမံခန့်ခွဲခြင်း
FTP Sftware
FTP ဆိုတာ file transfer protocol ကိုပြောတာ ဖြစ်ပါတယ်။ FTP software ကို အသုံးပြုခြင်းဟာ ကွန်ပျူတာနဲ့ web server/host ကြားမှာ files တွေကို transfer လုပ်နိုင်တဲ့ နည်းလမ်းတမျိုး ဖြစ်ပါတယ်။ FTP install လုပ်ပြီးတဲ့အခါမှာ မိမိတို့ရဲ့ web host နဲ့ ချိတ်ဆက်နိုင်ဖို့ အောက်ပါတို့ကို လိုအပ်ပါတယ်။
• Hostname/Server name
• FTP username
• FTP password
ဒီအချက်အလက်တွေကိုတော့ web hosting အတွက် account sign up လုပ်ပြီးတဲ့ အခါမှာ email နဲ့ ပို့ပေးလေ့ ရှိပါတယ်။ FTP အသုံးပြုပုံကိုတော့ www.youtube.com/watch?v=as3XOXYgsEc မှာ လေ့လာနိုင်ပါတယ်။
Web developer အများစုဟာ မိမိတို့ ကိုယ်ပိုင် website အသီးသီးရှိတက်ကြပါတယ်။ ဒါဟာဆိုရင် အထက်ပါ အချက်တွေကို လက်တွေ့ လုပ်ဆောင်တဲ့နေရာမှာ ဖိအားတွေ အချိန်ကန့်သတ်ချက်တွေ မရှိဘဲ လေ့ကျင့်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။
Not every project requires all of these items.
ဒီမှာတင်ပြခဲ့တာတွေကို သင့်အနေနဲ့ မသိသေးဘူးဆိုလဲ သိပ်စိတ်မပူပါနဲ့။ တခါတလေမှာ သင့်အနေနဲ့ WordPress website တစ်ခုအတွက် ရိုးရိုး theme တစ်ခု upload လုပ်ချင်ရုံကတော့ cPanel (သို့) FTP ကို လုံးလုံး အသုံးပြုစရာမလိုပါဘူး။ အဲလိုပဲ client မှာ website တစ်ခု ရှိနှင့်ပြီးသား အခြေအနေမျိုးမှာ domain တွေ hosting တွေနဲ့ ပတ်သက်ဖို့ မလိုပါဘူး ဒါတွေဟာ already running ဖြစ်နေပါပြီ။ website project အသီးသီးမှာ လိုအပ်ချက် အမျိုးမျိုးရှိတက်ကြပါတယ်၊ သင့်အနေနဲ့ ဒီလိုအပ်ချက်တွေကို မြန်မြန်ဆန်ဆန် လေ့လာနိုင်ဖို့ပဲ လိုပါတယ်။ ကိုယ့်မှာသာ အခြေခံကောင်းတွေ ရှိနေမယ်ဆိုရင် ဒါတွေကို အလွယ်တကူ သင်ယူနိုင်မှာပါ။
ဒီတော့ အရေးကြီးတာက အထက်မှာဖော်ပြခဲ့တဲ့ အရာတွေဟာ ဘာတွေလဲ website တည်ဆောက်ရာမှာ ဘယ်လို အထောက်အကူပြုသလဲ သိဖို့ပဲဖြစ်ပါတယ်။ ဒီမှာ တင်ပြခဲ့တဲ့ဟာတွေကို သင့်အနေနဲ့ မရင်းနှီးသေးဘူးဆိုရင်တောင် အခုကစပြီး လေ့လာနိုင်ဖို့ အကြံပြုလိုက်ပါတယ်။

Post a Comment

0 Comments